Saturday, May 7, 2016

Samsung Galaxy On 7 အကြောင်း

 မင်္ဂလာပါ




  Galaxy On 7 အကြောင်း မိတ်ဆက်ပေးပါမယ်။
 Galaxy On 7 ဟာ 8.2 mm အထူပဲ ရှိတာမို့ ပြိုင်ဖက် RedMi 2, Honor 4X တို့ထက် ပိုပါးလွှာပါတယ်။
ဒါကြောင့် ပါးပါးလွှလွှ ကျစ်ကျစ်လစ်လစ်ဖြင့် ဖုန်းတစ်လုံး သုံးချင်သူတွေ အတွက် On7 ကို ဝယ်ဖို့ အကြံပေးတာက သင့်တော်ပါတယ်။သင့်တော်တယ်ဆိုတာကလည်း 5.5"  Display ကို ဈေး ၂သိန်းကျော်လေးနဲ့ ရလို့ပါ။
Samsung Galaxy on7
Narrow Bezel ဖြစ်တဲ့အပြင် Black off Bezel ဖြစ်နေတော့ လက်ထဲမှာ ကိုင်ရတာ အံဝင်ခွင်ကျ ဖြစ်လို့နေပါတယ်။ LCD ဆိုပေမယ့် ရုပ်ထွက် ကောင်းမွန်တဲ့ TFT LCD ကိုသုံးထားပြီး HD Resolution (1280×720) နဲ့မို့ ရုပ်ထွက်ကလည်း ကောင်းမွန်နေမှာပါ။
ဈေးနှုန်းသက်သာတဲ့ဖုန်းမို့ Camera မကောင်းမှာ စိုးရိမ်စရာ မလိုပါဘူး။ 13MP နှင့် 5MP ရှိတဲ့ Camera တွေက ပုံရိပ်တွေကို အကောင်းဆုံးဖမ်းယူပေးမှာပါ။Home Key လေးနှစ်ချက် ဆက်တိုက်ဖိနှိပ်လိုက်တာနဲ့ Camera ပွင့်သွားတာမို့ လျှပ်တစ်ပျက် ပုံရိပ်တွေကို ဖမ်းယူဖို့ ကူညီပေးမှာပါ။ Wide Selfie ကို 103° အထိရိုက်လို့ရတာမို့  အုပ်စုလိုက်ရိုက်မယ်ဆိုလည်း ဘယ်သူ တစ်ဦးတစ်ယောက်မျှ အပြင်ထွက်ပေးစရာ မလိုပါဘူး။


On7 ဟာ Display ကျယ်ရုံ Camera ကောင်းရုံပဲလားဆိုတော့ Battery မှာလည်း 3000mAh ထိပါတာမို့ ကြာရှည် အသုံးခံပါတယ်။ ပုံမှန်သုံးဆို  ၂၁ နာရီလောက်ထိ သုံးလို့ရပါတယ်။ Ultra Power Saving Mode ကလည်း လျှပ်စစ်ပြတ်တောက်တဲ့နေရာ/အချိန်တွေမှာ အားကိုချွေတာဖို့ ကူညီမှာပါ။Network ပိုင်းမှာလည်း LTE Cat 4 ကိုသုံးထားတာမို့ Downloading speed , Uploading speed တွေကို ပိုမိုမြန်ဆန်စေမှာပါ။ RAM 1.5GB သုံးထားတာမို့ သုံးရတာပိုအဆင်ပြေစေပါတယ်။ ROM ဆိုလည်း 8GB ဖြစ်ပေမယ့် ထပ်ထည့်မယ်ဆို 128 GB အထိခွင့်ပြုထားတာမို့ Memory ပြည့်မှာ မပူရပါဘူး။
သုံးထားတဲ့ OS ကလည်း Lollipop ပါ။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...